ဝိတိုရိယတောင်ခြေ (၁၀) မိုင်စခန်း၌ DMO အဖွဲ့၏ အစီအစဉ်ဖြင့် ကိုယ်ထူကိုယ်ထ ရေသွယ်ယူမှုပြီးစီး

ကန်ပက်လက်  ဇန်နဝါရီလ ၁၅

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ဝိတိုရိယတောင် (ခေါ်နူးစုမ်) တောင်ခြေ (၁၀) မိုင်စခန်း၌ ကန်ပက်လက်မြို့နယ် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) ၏ အစီအစဉ်ဖြင့် ကိုယ်ထူကိုယ်ထ ရေသွယ်ယူမှုလုပ်ငန်းကို ဆောင်ရွက်ပြီးစီး ခဲ့ကြကြောင်း သိရပါသည်။

အဆိုပါရေသွယ်ယူရာတွင် (၁၀) မိုင်စခန်းမှ တစ်မိုင်ကျော်ကွာဝေးသည့် ရေးစမ်းဦးမှ (၃) မတ်ပိုက်ဖြင့် သွယ်ယူကြခြင်းဖြစ်ပြီး လက်ရှိအချိန်၌ ယင်းရေပိုက်မှ (၆) စက္ကန့်အတွင်း ရေတစ်လီတာနှုန်း ထွက်လျက်ရှိကြောင်းနှင့် ရေပိုက်အခွေ (၂၀) ဖြင့် DMO အဖွဲ့များမှ ကိုယ်ထူကိုယ်ထ သွယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) အတွင်းရေးမှူး ဦးလိန်းမောင်းရှိန်းက ပြောပါသည်။

ယင်းရေပိုက်အခွေ (၂၀) ကျော်ကို DMO အဖွဲ့၏အစီအစဉ်ဖြင့် မြန်မာနိုင်ငံဟော်တယ် လုပ်ငန်းရှင်များအသင်း (ချင်းဇုံ) မှ (၁၀) ခွေအား မတည်လှူဒါန်ပေးခဲ့ခြင်းဖြစ်ပြီး အခြားအလှူရှင်များစွာ၏ ပံ့ပိုးကူညီမှုများဖြင့် ဝိတိုရိယ (ခေါ်နူးစုမ်) တောင်ခြေ (၁၀) မိုင်စခန်း၌ ရေဖောဖော်သီသီရရှိရေးကို ဆောင်ရွက်နိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရပါသည်။

ကိုလိန်း(ပြန်/ဆက်)