ဆိပ်ကြီးခနောင်တို ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ဆမားဒူးဝါးရပ်ကွက် ဓမ္မာရုံတွင် ပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးစောမောင်သန်းက မုန်တိုင်းဘေး၊ ရေကြီးမှုဘေး၊ ငလျင်ဘေး၊ မိုးကြိုးဘေးအန္တရာယ်စသည့် သဘာဝဘေးအန္တရာယ်များအကြောင်း နှင့် ကြိုတင်ပြင်ဆင်ဆောင်ရန်/ ရှောင်ရန်များကို ရပ်ကွက်နေပြည်သူများအား ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
အဆိုပါ သဘာဝဘေး အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး/ ဆယ်အိမ်မှူးများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြပြီး၊ ကျန်ရှိသော ရပ်ကွက်များတွင်လည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ (ပြန်/ဆက်)