ဇလွန်မြို့နယ် ကမ်းထိန်းလုပ်ငန်းနှင့် တာတမံလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး

ဇလွန် ဇွန် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ကမ်းထိန်းလုပ်ငန်းနှင့် တာတမံလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား ဟင်္သာတခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှိုင်ထွန်းသည် ဇလွန်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇွန်လ ၁၃ ရက်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဇလွန်မြို့ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နှစ်အလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကမ်းထိန်းလုပ်ငန်းစဉ်များကို ရေအရင်းမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးလှမျိုး(လက်ထောက်ညွှန်ကြားရေးမှူး)က ရှင်းလင်းတင်ပြခဲ့ပြီး၊ တာတမံပြုပြင်ခြင်းလုပ်ငန်းများ ခိုင်ခံ့မှုရှိ၊မရှိ၊ ရေဘေးကာကွယ်ရေးပစ္စည်းများ ဆောင်ရွက်ထားရှိမှုများကို ဦးအောင်မျိုလွင် ဦးစီးမှူး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာန၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

မြို့နယ်(ပြန်/ဆက်)