မလှိုင်မြို့၌ ကျောင်းသူ၊ကျောင်းသားများအား ငလျင်ပုံစံတူ ဇာတ်တိုက်သရုပ်ပြ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့အမှတ်(၂)ရပ်ကွက်ရှိ စာပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဇွန်လ ဒုတိပတ်က ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသားများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ငလျင်ပုံစံတူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲပြုလုပ်သည်။