မလှိုင် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့အမှတ်(၂)ရပ်ကွက်ရှိ စာပန်းတိုင်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဇွန်လ ဒုတိပတ်က ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ကျောင်းသားများအား သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ငလျင်ပုံစံတူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲပြုလုပ်သည်။
သရုပ်ပြပွဲသို့ မလှိုင်မြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်ဝင်း နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လတ်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦဇေယျာအောင်နှင့်ဝန်ထမ်းများ၊ စာပန်းတိုင် ကိုယ်ပိုင် အထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့်ဆရာ၊ဆရာမများ၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)