မလှိုင်မြို့နယ်၌ အခွန်ဆိုင်ရာရှင်းလင်းဟောပြော

မလှိုင်  ဇွန်  ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ အခွန်ဆိုင်ရာရှင်းလင်းဟောပြောပွဲ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဇေယျာအောင်သံအစည်းအဝေးခန်းမတွင်   ဇွန်လ ဒုတိယပတ်က ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးတင်အောင်ဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်မျိုးထိုက်က အခွန်ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဟောပြောသည်။ ထို့နောက်ဟောပြာပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခွန်ထမ်းပြည်သူများက ဆွေးနွေးမေးမြန်းရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)