ရွှေပြည်သာ ဇွန် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင်၊ရွှေပြည်သာမြို့နယ်၌ ကျောင်းသား/သူများအား ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရန် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြောတွင် ရွှေပြည်သာမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်နိုင်ဦးနှင့် အဖွဲ့ဝင်ဦးရဲဆွေလှိုင်တို့က အဖွင့်အမှာစကား ပြောကြားပြီး အမှတ်(၆၅) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဇော်ဇော်စိုးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် မဖြစ်ပေါ်စေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အသိပညာပေးဟောပြောကာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး အမှတ်(၆၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက လက်အချက်ပြသမှုအား သရုပ်ပြသခဲ့ပြီး းတပ်ဖွဲ့စုမှူးက ပြန်လည်ရှင်းလင်းပြသကာ ကျောင်းသား/သူများ သိရှိလိုသည်များကို ပြန်လည်ဖြေကြား ရှင်းလင်းခဲ့သည်။
အခမ်းအနားသို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ ကျောင်းသား/သူ (၂၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)