အမြို့မြို့အနယ်နယ်သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား  အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းများတွင် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်

မူကြိုအရွယ်ကလေးများ မျိုးချစ်စိတ်ဓာတ် ထက်သန်စေရန်၊ ဗဟုသုတကြွယ်ဝစေရန်၊ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်နှင့် မြန်မာနိုင်ငံကလေးများနေ့အကြောင်းသိရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်းများတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆောင်ရွက်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင် အသက် (၂)နှစ်မှ (၁၅)နှစ်အတွင်း ကလေးများအား အသည်းရောင်အသားဝါအေပိုး ကာကွယ်ဆေး အခမဲ့ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၅၀) ဆေးရုံဟောင်းတွင် ယနေ့နံနက် (၉) နာရီက အသက်(၂)နှစ်မှ (၁၅)နှစ်အတွင်း ကလေးများအား အသည်းရောင် အသားဝါအေပိုး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့သည်။

ပခုက္ကူမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကုသိုလ်‌ကောင်းမှုပြု

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ (၇၉)နှစ်မြောက် ပြည်ထောင် စုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် သက်ကြီးဘိုးဘွားများအား အလှူဒါနပြုခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ကြီးမြို့နယ်၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲ အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၈ နာရီအချိန် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲ အခမ်းအနားအား  ပဲခူးရပ်ကွက် ဘော်လီဘောအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

၂၀၂၆ ခုနှစ်၊ (၂၂) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲ ကျင်းပ

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ (၂၂) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ ဆင်ဖြူကန်ကွင်းတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် ဇနီး၊  တိုင်းတရားသူကြီးချုပ် ဒေါ်လှမြင့်၊ မြို့တော်ဝန်စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဇနီးတို့သည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲပပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကြိုဆိုဂုဏ်ပြုကြသော ကျောင်းသား၊ ကျောင်းသူ ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်၍ ပြပွဲပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်မြို့၊ ရွှေဝါနဒီ ပန်းခြံအဆင့်မြှင့်တင်ခြင်းနှင့် ပန်းခြံအဝင်နှင်းဆီ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ရွှေဝါနဒီပန်းခြံ အဆင့်မြှင့် တင်ခြင်းနှင့် ပန်းခြံအဝင်နှင်းဆီ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ပန်းခြံတွင် ကျင်းပသည်။

ဂန့်ဂေါမြို့၌ ဌာနဆိုင်ရာရုံးများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံတစ်ရပ်အနေဖြင့် ဂန့်ဂေါခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထက်အောင်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဂန့်ဂေါမြို့အတွင်းရှိ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများသို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းက မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဒလမြို့နယ်၌ ၂၀၂၆ ခုနှစ် ၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်ပွဲနှင့် အသက်(၁၂) နှစ်အောက် လူငယ်ဖူဆယ်ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီက ကမာကသွယ်ရပ်ကွက်၊ ဗိုလ်တေဇအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ