အမြို့မြို့အနယ်နယ်သတင်းများ

ဖောင်းပြင်မြို့တွင် ဆောင်းသီးနှံစိုက်ပျိုးချိန် စိုက်ပျိုးစရိတ်မြင့်မားနေခြင်းကြောင့် သီးနှံပေါ်ချိန်ဈေး ကောင်းရရှိရန် တောင်သူများမျှော်လင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ဆောင်းသီးနှံများကို စိုက်ပျိုးနေကြပြီဖြစ်ရာ စိုက်ပျိုးရေးအတွက် အသုံးပြုရသည့် ဒီဇယ်၊ ပေါင်းသတ်ဆေး၊ လုပ်အားခနှင့် အခြားသွင်းအားစု ပစ္စည်းများဈေးနှုန်းမြင့်တက်နေပြီး စိုက်ပျိုးရာတွင် ကုန်ကျစရိတ်မြင့်မားနေခြင်းကြောင့် သီးနှံများ ပေါ်ချိန်တွင် ဈေးကောင်းရရှိရန် တောင်သူများမျှော်လင့်နေကြသည်။

သထုံခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ စေတနာရှင်များစုပေါင်းကာ စုဒ္ဒဿမ(၁၄)ကြိမ်မြောက် စုပေါင်းကထိန်လျာသင်္ကန်း ဆက်ကပ်လှုဒါန်းပွဲကို အောက်တိုဘာလ ၃၁ ရက်၊ နံနက် ၉ နာရီခွဲအချိန်က သထုံမြို့ရွှေစာရံစေတီဝင်းအတွင်းရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်စည်ပင်သာယာဈေးနှင့် ရပ်ကွက်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စမ်းချောင်းမြို့နယ်အတွင်းရှိ  စက်သုံးဆီဆိုင်များ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်အတွင်းရှိ စက်သုံးဆီဆိုင်များများ၊  မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး၊ ဆောင်ရွက်ထားရှိမှုများအား ယနေ့နံနက် ၉ နာရီခွဲက တာ၀န်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ နွေစပါး ပန်းတိုင်အထွက်နှုန်း တိုးတက်စေရေး (Drum Seeder) ပေးအပ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီ၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက နွေစပါးစိုက်ပျိုး ရာသီတွင် အဓိကသီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိစေရေး၊ သီးနှံစိုက်စွမ်းအားမြှင့်တင် နိုင်ရေးနှင့် စပါးအထွက်နှုန်းတိုးတက်စေရေး၊ ကြဲခင်းစနစ် ပပျောက်စေရေး ရည်ရွယ်၍ စပါးမျိုးစေ့ချကရိယာ (Drum Seeder) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် မီးဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ငရုတ်ကောင်းမြို့မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်းရှိ တာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ကြပြီး ရပ်ကွက်နေပြည်သူများအား မီးဘေး အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျောက်ဆည်မြို့တွင် ကွမ်းခြံများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသဖြင့် ဈေးကောင်းရရှိရန်မျှော်လင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကွမ်းခြံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်း ကောင်းသဖြင့် ကွမ်းစိုက်တောင်သူများအနေဖြင့် ဈေးကောင်းရရှိရန်မျှော်လင့်လျှက်ရှိကြောင်း ကျားကာ ကျေးရွာမှ ကွမ်စိုက်တောင်သူ များထံမှသိရှိရသည်။

လိပ်သိုဒေသတွင် အာရေးဗီးကားကော်ဖီသီးများ ရင့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည် သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေးဝမ်းကျောင်းအနေဖြင့် အဓိကထား လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သည့်  ကော်ဖီသီးများ ရင့်မှည့်ပြီဖြစ်၍ စတင်ဆွတ်ခူး လျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသထွက်  ထောပတ်သီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူ များသည် နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထား စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ထောပတ်ပင် စိုက်ပျိုး ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။

အိမ်မဲမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန်ခန်းမ၌ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းများနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်ကကျင်းပခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ