မြစ်သား ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် အခြေခံပညာနှင့် စက်မှု စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် Grade 1 to Grade 8 ထိ အခြေခံပညာ အဆင့်အလိုက် placement test(အထူးအစီအစဉ်) စာမေးပွဲကို ဇွန် ၁၅ ရက်နံနက် ၉ နာရီမှစတင်၍ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်းသိရသည်။
မြစ်သားမြို့နယ်အတွင်းရှိကျောင်းသား၊ ကျောင်းသူများက အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေး မြူရေး အထက်တန်းကျောင်းတွင် စတင်စာမေးပွဲဖြေဆိုရာ၌ Grade-1 ကျောင်းသား၊ ကျောင်းသူများ ၄ ဦး၊ Grade- 2 ကျောင်းသား၊ ကျောင်းသူများ ၁၅ ဦး၊ Grade- 3 ကျောင်းသား၊ ကျောင်းသူများ ၃၂ ဦး၊ Grade-4 ကျောင်းသား၊ ကျောင်းသူများ ၂၉ ဦး၊ Grade- 5 ကျောင်းသား၊ ကျောင်းသူများ ၄၂ ဦး၊ Grade-6 ကျောင်းသား၊ ကျောင်းသူများ ၃၃ ဦး၊ Grade-7 ကျောင်းသား၊ ကျောင်းသူများ ၃၆ ဦး၊ Grade-8 ကျောင်းသား၊ ကျောင်းသူများ ၃၅ဦး၊ Grade 1 to Grade 8 ထိ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ ၂၂၆ ဦးတို့သည် တစ်နေ့လျှင်တစ်ဘာသာဖြေဆိုကြကြောင်း သိရသည်။
စာမေးပွဲများဖြေဆိုနေမှုကို မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူးဒေါ်သင်းသီရိ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက အနီးကပ်ကြီးကြ၍ ဆရာ၊ ဆရာမနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)