မြစ်သားမြို့နယ်အတွင်းရှိတောင်သူများ မိုးစပါးစိုက်ပျိုးရန် လုပ်ငန်းများစတင်ဆောင်ရွက်

မြစ်သား ဇွန် ၁၅ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်အတွင်းရှိတောင်သူများ ယခုနှစ် မိုးစပါးစိုက်ပျိုး ရာသီအချိန်မီစိုက်ပျိုးနိုင်ရန်အတွက် လယ်ယာမြေများထွန်ယက်ပြုပြင်ခြင်း လုပ်ငန်းများဆောင်ကွက်လျှက်ရှိကြောင်း မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိတောင်သူများမှာ မိုးစပါးကို အဓိကထားစိုက်ပျိုးကြ‌ကြောင်း အဆိုပါမိုးစပါးစိုက်ပျိုး ရာတွင်ဒေသနှင့်ကိုက်ညီသော မျိုး‌ကောင်းမျိုးသန့် စိုက်ပျိုးနိုင်‌ရေးစိုက်နည်းစနစ်မှန်ကန်‌စေရေး၊ သွင်းအား စုများစနစ်တကျအသုံးပြုနိုင်‌ရေးအတွက် မြို့နယ်စိုက် ပျိုး‌ရေးဦးစီးဌာနက အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

“မိုးစပါးတွေအချိန်မီစိုက်ပျိုးနိုင်ရန်အတွက် ဒေသခံ တောင်သူ‌တွေဟာ စပါးစိုက်ပျိုးမည့် လယ်ယာမြေတွေ ကိုထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်လျှက်ရှိပါတယ်။ အဲဒီလို မြေယာပြုပြင်ရာမှာ ကိုယ်ပိုင်ထွန်စက် ဖြင့်ထွန်ယက်ကြသူတွေရှိသလို ငှားရမ်းထွန်ယက်ကြ သူများလည်းရှိပါတယ်။ တောင်သူတွေက မိုးစပါးကို အဓိကစိုက်ပျိုးကြတဲ့အတွက် ပြည်တွင်းဆန်ဖူလုံ ဖို့အ‌ထောက်အကူပြုပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းနိုင်က ပြောသည်။

 မြစ်သားမြို့နယ်အတွင်းရှိတောင်သူများမှာ စပါးကို အဓိကထားစိုက်ပျိုးကြသည့်အတွက်  ပြည်တွင်းစားသုံးဆန်ဖူလုံရေးကို များစွာအထောက်အကူပြုလျက်ရှိသည်။ ဒေသခံတောင်သူများအနေဖြင့် သွင်းအားစုစရိတ်များကြီးမြင့်သော်လည်း မိုးလေဝသကောင်းမွန်၍ အလေအလွင့်ဆုံးရှုံးမှုနည်းကာ သီးနှံအထွက်နှုန်း ကောင်းပြီး ဈေးကောင်းရရှိပါက အကျိုးအမြတ်များရရှိအဆင်ပြေမည်ဖြစ်ကြောင်းသိရသည်။

ဝါဝါမြင့်(မြစ်သား)