အမြို့မြို့အနယ်နယ်သတင်းများ

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ (၃၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏရှိ ပတ္တမြားခန်းမ၌ ကျင်းပခဲ့ရာအားကစားနှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်ဦး၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ(၂)ညွှန်ကြားရေးမှူး ဦးဝင်းထက်မွန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်(၉)ဖွဲ့တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ခံနည်းပြများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲကျင်းပ

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့ ပူးပေါင်းပြုလုပ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏မဟာဗျူဟာ (၂၀၂၆ - ၂၀၃၀) ရေးဆွဲရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို အောက်တိုဘာလ(၂၉)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Inya Lake Hotel တွင်ပြုလုပ်ခဲ့ရာမြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာမျိုးညွန့် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

မကွေးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက  မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

၂ဝ၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီး ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ လူငယ်စင်တာတွင် ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇီးကုန်းမြို့နယ်စည်ပင်သာယာဈေးအား ကြည်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် နိုဝင်ဘာ ၁ ရက်က နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် စည်ပင်သာယာဈေးအား ကြည့်ရှုစစ်ဆေးခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းများပြန်လည်ပြုပြင်နေမှုများအား ကွင်းဆင်းစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ လယ်ဝေးမြို့နယ်များအတွင်း မန္တလေးမြေငလျင်လှုတ်ခတ်မှုကြောင့် ပျက်စီးခဲ့သောလမ်းများ၊ လမ်းဘေးပလက်ဖောင်းများ၊ လမ်းလယ်ကျွန်းများပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ်အတွင်း ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လွိုင်ကော်မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးပြီး လူငယ်များဗလငါးတန်နှင့် ပြည့်ဝစေရေး၊ မွေးမြူရေးကဏ္ဍအောင်မြင်ဖြစ်ထွန်းပြီး ပြည်နယ်အတွင်း စားသုံးမှု ဖူလုံစေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည်‌ လွိုင်ကော်တက္ကသိုလ်အတွင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၊ ဘောလုံးကွင်းနှင့် အားကစားခန်းမ အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ၊ လွိုင်ကော်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု နှင့် အောင်မြင်ဖြစ်ထွန်းနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒီပါဝလီ မဟာလက်ချ်မီးမယ်တော်ပူဇော်ပွဲနှင့် ဆီမီးထွန်းပွဲတော်ကျင်းပ

မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး၏ပူးပေါင်းမှုဖြင့် မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းကကြီးမှူးကျင်းပသည့် ဒီပါဝလီမဟာလက်ချ်မီးမယ်တော်ပူဇော်ပွဲနှင့် ဆီမီးထွန်းပွဲတော်အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ၌ ကျင်းပသည်။

သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများဆက်လက်လှူဒါန်း

၁၃၈၇ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၈)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများဆက်လက်လှူဒါန်းကြသည်။

မြဝတီမြို့တွင် သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေးများ ထိုးနှံ

ကရင်ပြည်နယ်၊ မြဝတီမြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆုံဆို့မေးခိုင်ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို အောက်တိုဘာလ (၃၀) ရက်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အောင်မြေရွှေဘုံကျောင်း၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာန​​၊ ခရိုင်ဆေးရုံအုပ်ကြီး၊ ဒေါက်တာခင်ဝင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းအခြေပြု ကာကွယ်​ဆေးများ ထိုးနှံပေးခဲ့ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ