မြိတ်မြို့တွင် ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး

မြိတ်   ဇွန်   ၁၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး ဟော ပြောပွဲကို မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ပြီး ကျောင်းသား/ကျောင်းသူများ အား ပညာပေးဟောပြောသည်။

အသိပညာပေးဟောပြောရာ၌ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန မြိတ်ခရိုင် ဦးစီးမှူး ဒေါ်စုစန္ဒီဝင်းက ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေနှင့် ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေတို့တွင်ပါရှိသည့် ကလေးအလုပ်သမားနှင့်ပတ်သက်သည့် ပြဋ္ဌာန်းချက်များ၊ ကလေးငယ်များအား ကာကွယ်ပေးထားသည့်ဥပဒေများနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းကို ပညာပေးပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြသထားရှိမှုအား ကျောင်းသား/ကျောင်းသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက်)