ကျောက်ဆည် ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ Placement Test (အထူး) ရေးဖြေစာမေးပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ကျင်းပသည်။
စာမေးပွဲတွင် မူလတန်းအောက်ဆင့် Grade - 1 ဖြေဆိုသူ ၂၈ ဦး၊ Grade - 2 ဖြေဆိုသူ ၄၈ ဦး၊ Grade-3 ဖြေဆိုသူ ၈၄ ဦး၊ Grade – 4 ဖြေဆိုသူ ၆၃ ဦး၊ Grade- 5 ဖြေဆိုသူ ၇၄ ဦး၊ Grade – 6 ဖြေဆိုသူ ၅၆ ဦး၊ Grade-7ဖြေဆိုသူ ၅၁ ဦး၊ Grade-8 ဖြေဆိုသူ ၃၄ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၄၃၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)