အမြို့မြို့အနယ်နယ်သတင်းများ

ကလောမြို့၌ 2026 Myanmar National League Oualifier Race ပြိုင်ပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့၊ မြို့နယ်အားကစားကွင်း၌ Myanmar Ultra Trail Running Association (MUTRA) နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူး‌ ပေါင်း၍ ယမန်နေ့နံနက်ပိုင်းက 2026 Myanmar National League Oualifier Race ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

မြဝတီမြို့၌ Placement Test(အထူး)စာမေးပွဲ ကျင်းပ

ကရင်ပြည်နယ် မြဝတီမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသည့်ကျောင်းနေအရွယ် ကလေးများအတွက် Placement Test (အထူး) စာမေးပွဲကိုယနေ့နံနက် ၉  နာရီက အမှတ် (၁)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပသည်။

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး သွင်းအားစုပစ္စည်းများထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ပညာပေးသင်တန်းနှင့်သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ (၁၄) ရက်နေ့တွင် မြို့နယ်ဦးစီးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့မှူးတွင်၂၀၂၆ -၂၀၂၇ ပညာသင်နှစ် Placement Test အထူးအစီအစဉ်ဖြင့် စာမေးပွဲဖြေဆို

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်း ပြင်ပရောက်ရှိနေသော ကျောင်းနေအရွယ်ကလေးများ သတ်မှတ်ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် Placement Test အထူးအစီအစဉ်ဖြင့် စာမေးပွဲဖြေဆိုခြင်းကို ယနေ့နံနက်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ကျောင်း၌ ကျောင်းသား/ကျောင်းသူ (၆၃) ဦး ဝင်ရောက်ဖြေဆိုနေကြကြောင်း သိရသည်။

စစ်ကိုင်းမြို့၌ Placement Test (အထူးအစီအစဉ်) အရည်အချင်းစစ် စာမေးပွဲကျင်းပ

နိုင်ငံတော်အစိုးရက အကြောင်းအမျိုးမျိုးကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ ကျောင်းပြင်ပသို့ ရောက်ရှိခဲ့သည့် ကျောင်းသားများကို ပညာအရည်အချင်းအရသော်လည်းကောင်း၊ အသက်အရွယ်အရသော်လည်းကောင်း သင့်လျော်ကိုက်ညီသည့်အတန်းတွင် တက်ရောက်သင်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသည့်ကျောင်းပြင်ပရောက်ကလေးများ

ငါန်းဇွန်မြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်)စာမေးပွဲ စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test(အထူးအစီအစဉ်)စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉နာရီမှစ၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ Placement Test (အထူးအစဉ်)စာမေးပွဲများကို  အေးချမ်းစွာဖြေဆို

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၌ Placement Test (အထူးအစဉ်)အဖြစ်စာမေးပွဲများကို ယနေ့နံနက်ပိုင်းမှစ၍ အ.ထ.က(၁၃)ကျောင်းတွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်းသိရသည်။

ကော့သောင်းမြို့၌ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာ မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းကို ရပ်ကွက်၊ကျေး‌ရွာအလိုက်  ဆောင်ရွက်လျက်ရှိသည်။

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ဆက်လက်ကျင်းပ

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ဇွန် ၁၅ ရက် နံနက် ၁၀ နာရီတွင် ဟားခါးမြို့ရှိ ချင်းပြည်နယ်လွှတ်တော်အဆောက်အအုံ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ် စာစစ်ဌာန ၃ ခု၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) ဖြင့် ကျောင်းသားကျောင်းသူ ၁၃၆၅ ဦး ဖြေဆို

မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ စာစစ်ဌာန ၃ ခု၌ ၂၀၂၆ -၂၀၂၇ ပညာသင်နှစ် placement test (အထူးအစီအစဉ်) ဖြင့် ယနေ့နံနက် ၉နာရီက စတင်ကာ Grade- 1 မှ Grade - 8 အထိ ကျောင်းသားကျောင်းသူ ၁၃၆၅ ဦး ဖြေဆိုလျက်ရှိသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ