အမြို့မြို့အနယ်နယ်သတင်းများ

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်တွင် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ အစီအစဉ် (၈) ရပ်ဖြင့် ကျင်းပရာ အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်သည်။

ကျိုင်းတုံမြို့၌ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်းကျင်းပသည့် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲကို ယမန်နေက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံတက္ကသိုလ် ခေမာရဌ်ခန်းမတွင်ကျင်းပသည်။‌

ညောင်လေးပင်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်အဆင့်သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် (၇) နာရီခွဲအချိန်က ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွ

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၄/၂၀၂၆) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအ‌ခြေပြုဗဟိုဌာန၌ ဗဟန်းမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ VIP.AFS ၂၄ နာရီ ကျန်းမာရေးအထောက်အကူပြုမှ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် လမုကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူ (၄၀) ဦးတို့အား ကျေးရွာမြေငှားဂရန်များ ထုတ်ပေးသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာအုပ်စု၊ လမုကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများအား ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များကို ထုတ်ပေးသွားမည်ဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းက ကျေးရွာနေ ပြည်သူ (၄၀) ဦးတို့အား မြေငှားဂရန်ထုတ်ပေးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်အတွက် အဆိုပါကျေးရွာသို့ မြို့နယ်တာဝန်ရှိ သူများကမြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၇/၂၀၂၆) သင်တန်းဖွင့်

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄၇/၂၀၂၆) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားသည်။

ကျိုင်းတုံမြို့၌ သံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သံဃနာယကနှင့်ဝိနည်းဓိုရ် ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့က ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း(ကျိုင်းတုံ)တွင် ကျင်းပရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ပြည်နယ်သာသနာရေးမှူး ဦးကိုကိုအောင်၊ အလှူရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။‌

ကျိုင်းတုံမြို့၌ (၃၁)နှစ်မြောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ

(၃၁)နှစ်မြောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံး(ကျိုင်းတုံ)တွင် ကျင်းပသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ကျောင်းပြင်ပရောက်ကလေးများ အတန်းကူးပြောင်း တက်ရောက်နိုင်ရန်အတွက် အရည်အချင်းစစ်စာမေးပွဲကျင်းပမှု ကြည့်ရှုအားပေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများသည် ပြည်နယ်အတွင်းရှိ ကျောင်းပြင်ပရောက်ကလေးများ အတန်းကူးပြောင်းတက်ရောက်နိုင်ရန်အတွက် အရည်အချင်းစစ်စာမေးပွဲ Placement Test (အထူးအစီအစဉ်) များကို စာစစ်ဌာန (၅) ခုခွဲ၍ ကျင်းပနေမှုကို ယမန်နေ့နံနက်က သွားရောက်ကြည့်ရှုအားပေးသည်။

မိုင်းယောင်းမြို့၌ စာတော်ပြန်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း သာသနာ့ဗိမ္မာန်တော်၌ ယမန်နေ့က ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်များမှ စုပေါင်းကျင်းပသော ပထမအကြိမ် သဒ္ဓမ္မပါလ စာတော်ပြန်ပွဲအခမ်းအနား ကျင်းပကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ