မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာနရုံး၌ ရက် ၁၀၀ စီမံချက်ဖြင့် အမှုထမ်းဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း ဖွင့်လှစ်
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် အမှုထမ်းဝန်ထမ်းများအား ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားလာစေရန် ရည်ရွယ်ကာ စွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်းကို အဆိုပါရုံး၌ ဇွန် ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။