ညောင်လေးပင် ဇွန် ၁၆
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်အဆင့်သစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် (၇) နာရီခွဲအချိန်က ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရိုင်အမျိုး သမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သုသုအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက မဟော်ဂနီ (၃) ပင်၊ ခရေ (၃) ပင်၊ ကံ့ကော် (၃) ပင်၊ မန်ဂျန်ရှား (၆၅) ပင်၊ ဝါးပင် (၅၀) ပင် စုစုပေါင်းပျိုးပင် (၁၂၄) ပင်ကို အတူတကွစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)