အမြို့မြို့အနယ်နယ်သတင်းများ

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) ရဲမွန်၏ သုတေသနဓာတ်ခွဲခန်းများအား လှည့်လည်ကြည့်ရှု

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်တို့သည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) ရဲမွန်သို့ ရောက်ရှိပြီး လာရောက်လေ့လာကြသည့် လှည်းကူးမြို့နယ်၊ အ.ထ.က (ငါးဆူတောင်) စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

သီတဂူစက္ခုဒါနဆေးရုံ (ရန်ကုန်) တွင် (၁၈) ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးလျက်ရှိရာ ၁၂၀၀ ဦးခန့် လာရောက်ပြသ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၏ သီတဂူစက္ခုဒါနအဆင့်မြင့်ဆေးရုံကြီးတွင် အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား (အခမဲ့) ကုသပေးလျက်ရှိရာ ယခု (၁၈) ကြိမ်မြောက်အဖြစ် ၁၂၀၀ ဦးခန့် လာရောက်ပြသပြီး ၅၀၀ ဦးခန့်အား ခွဲစိတ်ကုသပေးခဲ့သည်။

သရက်စိုက်ခင်း ကြားသီးနှံ မြေနိမ့်ကော်ဖီ (Robusta) စိုက်ပျိုး

သရက်စိုက်ခင်းကြားသီးနှံမြေနိမ့်ကော်ဖီ (Robusta) စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ဟင်းသီးဟင်းရွက်သစ်သီးဝလံသုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန (VFRDC) ရဲမွန်ဝင်းအတွင်းတွင် ကျင်းပသည်။

အမရပူရမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် လျှပ်စစ်ဓာတ်အားများ ပိုမိုကောင်းမွန်စေရန် ထရန်စဖော်မာအသစ်များ တပ်ဆင်ဆောင်ရွက်

နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ဖြင့် အများပြည်သူများ အဆင်ပြေစေရန် လျှပ်စစ်ဓာတ်အား တိုးတက်ကောင်းမွန်စေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး၊ ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ရေးအတွက်နှင့် ဌာနပိုင် ထရန်စဖော်မာများ လောင်ကျွမ်းမှုမဖြစ်ပေါ်စေရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးတို့အတွက် ထရန်စဖော်မာအသစ်များ တပ်ဆင်​​​​​​ခြင်းကို အမရပူရမြို့နယ်အတွင်းရှိ မှန်တန်းရပ်ကွက်၌ ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပဏာမမျက်စိကျန်းမာရေးစစ်ဆေးပေးခြင်း ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာမူလတန်းလွန် (သူကောင်းဖြစ်) စာသင်ကျောင်းတွင်ရက် (၁၀၀) စီမံချက်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား ပဏာမမျက်စိကျန်းမာရေး စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ပေးခဲ့သည်။

သံတောင်ကြီးမြို့၌ ကျောင်းနေအရွယ်ကလေးများ Placement Test (အထူး) စာမေးပွဲ ကျင်းပ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိူးမျိူးကြောင့်ကျောင်းပြင်ပသို့ ရောက်ရှိနေသည့် ကျောင်းနေရွယ် ကလေးများအတွက် Placement Test (အထူး) စာမေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်မှစ၍ သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်၌ Placement Test (အထူးအစီအစဥ်) ဖြင့် စာမေးပွဲဖြေဆို

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ Placement Test (အထူးအစီအစဥ်) စာမေးပွဲဖြေဆိုခြင်းကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က (ဘီးလင်း) ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ လာရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဖြူးမြို့နယ်၌ Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့ နယ်တွင် ၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ပြင်ပသို့ ရောက်ရှိသွားသော ကျောင်းနေအရွယ်ကလေးများအား ကျောင်းသို့ ပြန်လည်ရောက်ရှိရေးအတွက် Placement Test (အထူးအစီအစဉ်) ဖြင့် အရည်အချင်းစစ်ဆေးခြင်းကို စာစစ်ဌာနဖြစ်သည့် အ.ထ.က (၁) ကျောင်း၌ ယမန်နေ့နံနက်ပိုင်းတွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို)ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို)ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်က အခြေခံပညာအထက်တန်းကျောင်း အ.ထ.ကခန်းမတွင် ကျင်းပသည်။

ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် Placement Test (အထူးအစီအစဉ်) စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ကျောင်းသား၊ ကျောင်းသူ ၉၄ ဒဿမ ၉၅ ရာခိုင်နှုန်းဖြေဆို

၂၀၂၁-၂၀၂၂  ပညာသင်နှစ်မှစရျ် အကြောင်းအမျိုးမျိူးတို့ကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာ မူလတန်းအဆင့် Grade-2 မှ Grade-5 နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-6မှ Grade-9 ကျောင်းသား၊ ကျောင်းသူများအတွက် Placement Test (အထူးအစီအစဥ်)စာမေးပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း၌ ဇွန် ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ယနေ့ဇွန် ၁၆ ရက်နေ့ အင်္ဂလိပ်စာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၄ ဒဿမ ၉၅ ရာခိုင်နှုန်း ဖြေဆိုခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ