ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
ယခုအခါ ပူပြင်းခြောက်သွေ့သောရာသီသို့ ကျရောက်လာပြီဖြစ်ရာ မီးမတော်တဆမှုများနှင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပူးပေါင်းအဖွဲ့များဖြင့် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။