ရန်ကုန် ဇွန် ၁၈
သန်လျင်ခရိုင် သန်လျင်မြို့နယ် ချမ်းသာသုခဆေးရုံ၊ သာမန်ထိန်းချုပ်ဆေးဝါးများလက်လီရောင်းချခြင်း (သက်တမ်းတိုး)ကွင်းဆင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်၍ FDA မှတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စည်ပင်သာယာရေးဝန်ထမ်းများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ ချမ်းသာသုခဆေးရုံ၊ သာမန်ထိန်းချုပ်ဆေးဝါးများ လက်လီရောင်းချခြင်း (သက်တမ်းတိုး) ခြင်းနှင့် ဆေးဝါးများ သက်တမ်းကုန်ဆုံးမှု ရှိ/မရှိ ကွင်းဆင်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)