အမြို့မြို့အနယ်နယ်သတင်းများ

ဒိုက်ဦးမြို့နယ်၌ ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ရေပြင်ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြသ​ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ကောလိယချောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့တွင် ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်ဝဲအထက်တန်းကျောင်းတွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များကို One Stop Service နေ့ချင်းပြီးအစီအစဉ်ဖြင့် ထုတ်ပေးခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းမှစတင်၍ ကွင်းဆင်းကာ စနစ်တကျဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့ အ-ထ-က(ခွဲ)စံဝါအောင်း၌ မူးယစ်တိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြော

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို အသိပညာပေးဟောပြောပွဲကို ဇွန် ၁၅ ရက်နေ့ နံနက်(၁၀)နာရီက လယ်ဝေးမြို့နယ် စံဝါအောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ခန်းမဆောင်တွင် ကျင်းပသည်။

နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်များ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းနှင့် ဝန်ထမ်းများက ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UIDကတ်များကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က အ.လ.က-ခွဲ(ဟိုရမ်း)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နတ်မောက်မြို့ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၌ စာဖတ်ရှိန်မြှင်တင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ်က အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်းထူထောင်ရေး ဆင့်ပွားသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးအဆင့်မြှင့်ကျောင်း ထူထောင်ရေးဆင့်ပွားသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပဖွင့်လှစ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ(ပင်းတယ)အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်ခင်ထွေးအောင်နှင့် ပြည်နယ်/ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယအတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဇွန်လ (၁၇) ရက်နေ့၊ နံနက်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

မြို့သစ်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၆ ခုနှစ် ၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောကို ဇွန် ၁၆ ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ တောင်သူနည်းပညာဆွေးနွေးပွဲနှင့် သွင်းအားစု၊ မျိုးစေ့၊ မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဒေသတွင်း တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရန်နှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ သိရှိအသုံးချနိုင်စေရန် ရည်ရွယ်၍ တောင်သူနည်းပညာဆွေးနွေးပွဲနှင့် သွင်းအားစု၊ မျိုးစေ့၊ မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မိုင်းဖုန်း (ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကျင်းပသည်။

လက်ပံတန်း၌ တီဘီရောဂါတိုက်ဖျက်ရေးအရှိန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းနှင့်ဝန်ထမ်းများက ရက် (၁၀၀) စီမံချက်ဖြင့် ရပ်ကွက်ကျေးရွာများသို့ကွင်းဆင်း၍ တီဘီရောရှာဖွေကုသရေးလုပ်ငန်းများဆောင်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သာရဝေါကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ