တံတား ဇွန် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Pfizer Vaccine)ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီက ထိုးနှံခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် တံတားမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာစည်သူထွန်း၏ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး လာရောက်ထိုးနှံ သော ပြည်သူများအား ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်း၊ စာရင်းအချက်အလက် ကောက်ယူခြင်းများ ဆောင်ရွက်ပြီး ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ် ဆေး (Pfizer Vaccine)ကို မြို့အတွင်းရှိပြည်သူများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်သူဇာ(ပြန်/ဆက်)