သန်လျင် အ.ထ.က (၁) ၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များပေးအပ်

ရန်ကုန် ဇွန် ၁၈

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က သန်လျင်ခရိုင် သန်လျင်မြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်ခရိုင်ဦးစီးမှူး ဦးမိုးသူက အမှာစကားပြောကြားပြီး သန်လျင်မြို့နယ်ဦးစီးမှူး ဦးဇွဲမင်းဦးက နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် သန်လျင် အ.ထ.က (၁) မှဆောင်ရွက်ပြီးသော နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်၊ သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ သန်လျင်မြို့နယ်စံမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်၊မြို့နယ်ပညာရေးမှူး ဒေါ်ညွန့်ညွန့်မော်တို့က ကျောင်းသားကျောင်းသူများအား ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် နိုင်ငံသားစီစစ်ရေးကတ်နှင့် UID ကွင်းဆင်းဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)