ချောက်မြို့အ.မ.က(အေးရပ်)၌ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲပြုလုပ်
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ချောက်မြို့အမှတ်(၁၃)နယ်မြေ အေးရပ် ရပ်ကွက်ရှိ အ.မ.က(အေးရပ်)၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြသည်။