အမြို့မြို့အနယ်နယ်သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စနစ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ ကွင်းဆင်းကြည့်ရှု၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ‌တပ်ကုန်းမြို့နယ် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID စနစ် ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများ ကွင်းဆင်းကြည့်ရှုသည်။

သန်လျင်မြို့နယ် ချမ်းသာသုခဆေးရုံ၊ သာမန်ထိန်းချုပ်ဆေးဝါးများ လက်လီရောင်းချခြင်း (သက်တမ်းတိုး) ကွင်းဆင်စစ်ဆေး

သန်လျင်ခရိုင် သန်လျင်မြို့နယ် ချမ်းသာသုခဆေးရုံ၊ သာမန်ထိန်းချုပ်ဆေးဝါးများလက်လီရောင်းချခြင်း (သက်တမ်းတိုး)ကွင်းဆင်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မိုးနဲမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြစိုက်ခင်းများအတွက်မျိုးစေ့နှင့် ဓာတ်မြေဩဇာများ ထောက်ပံ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ဦးစီးမှူးရုံးကကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့်ဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ ၌ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သန်လျင် အ.ထ.က (၁) ၌ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID များပေးအပ်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သန်လျင်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ထုတ်ပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က သန်လျင်ခရိုင် သန်လျင်မြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အထက( ခွဲ) ကံသုံးဆင့်ကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုး၊ မွေးမြူးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းကြည့်ရှု

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ‌တပ်ကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုသည်။

နတ်တလင်းမြို့၌ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ ၊ ဝမ်းလျော ဝမ်းပျက်ရောဂါ ၊ အစာအဆိပ်သင့်ရောဂါ အကြောင်း အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်  မိုးရာသီတွင်ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါ ၊ ဝမ်းလျောဝမ်းပျက်ရောဂါ ၊ အစာအဆိပ်သင့်ရောဂါအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ သွားလာရေးသိရှိနိုင်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ကံသာကျေးရွာအုပ်စု၊ ကံသာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ဆောင်ရွက်ခဲ့သည်။

မြို့နယ်မြေစာရင်းဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မြို့ကွက်မြေ မြေတိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြို့နယ်မြေစာရင်းဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် မြို့ကွက်မြေတိုင်းတာခြင်းလုပ်ငန်းကို မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်တွင် ဆောင်ရွက်နေမှုအား ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပင်လောင်းမြိုနယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သစ်တောထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြိုနယ် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ချင်းတွင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ