အမြို့မြို့အနယ်နယ်သတင်းများ

ပေါင်မြို့နယ်၌ မှုခင်းကျဆင်းရေးနှင့် အသိပညာပေးဟောပြောပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အ.ထ.က (ကော့ကရင်) ကျောင်း၌ မှုခင်းကျဆင်းရေးနှင့် အသိပညာပေးဟောပြောပွဲကို ယ‌နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မြင့်ထွန်း ဦး‌ဆောင်သော ဒုရဲမှူး ကျော်စိုးသန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး၊ ဒုတိယဥပဒေအရာရှိ ဒေါ်သီသီဟန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မင်းဝါနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ (၁၅၀) ဦး တက်ရောက်ခဲ့ကြသည်။

တိုက်ကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ဧကများ ပြည့်မီရေး စပါးပန်းတိုင်အထွက်နှုန်းများရရှိအောင် ကြိုးပမ်းကြရေး Drum Seeder စနစ် ကွင်းသရုပ်ပြ စိုက်ပျိုးပွဲနှင့် သဘာဝမြေဩဇာ၊ ဟင်းသီဟင်းရွက် မျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ် မိုးစပါးစိုက်ဧကများ ပြည့်မီရေး စပါးပန်းတိုင်အထွက်နှုန်းများရရှိအောင် ကြိုးပမ်းကြရေး Drum Seeder စနစ် ကွင်းသရုပ်ပြ စိုက်ပျိုးပွဲနှင့် သဘာဝမြေဩဇာ၊ ဟင်းသီဟင်းရွက် မျိုးစေ့များပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်းကျေးရွာအုပ်စု၊ ကျိုက်စကိုင်းကျေးရွာ၊ တောင်သူ ဦးစိုးဝင်းမောင်၏ လယ်မြေတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေဝင်းအောင်၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကျွန်းလှမြို့နယ်တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ရက် ၁၀၀ ကာလ လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဇွန် ၁၆ ရက်နေ့က သဖန်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်‌/ကျေးရွာများအရောက် လှည့်လည်ငှားရမ်း‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ် မဲဒီးကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။

ကိုရီးယားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. BAE Byeongsoo နှင့်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂါဝရပြုတွေ့ဆုံ

ကိုရီးယားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. BAE Byeongsoo နှင့် အဖွဲ့သည် ယနေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) တွင် ဂါဝရပြုတွေ့ဆုံခဲ့သည်။

ဖျာပုံမြို့၌ သီနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အသးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းကို ယနေ့နံနက်ပိုင်းအချိန်က ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ ကျင်းပသည်။

ကျိုက်ထိုမြို့နယ်တွင် Placement Test ဖြေ‌ဆိုနေမှူများအား တာဝန်ရှိသူများက လိုက်လံကြည့်ရှု

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် Placement Test ဖြေ‌ဆိုနေမှူများအား တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းကြည့်ရှုခဲ့သည်။

ပေါင်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၁၄ ရက်နေ့ နံနက်ပိုင်းက ဒေးကင်းကျေးရွာ၊ အ.မ.က (ဒေးကင်း) ကျောင်းတွင် ပြုလုပ်ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မြင့်ထွန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ

တတိယအကြိမ်စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသတ္တမနေ့ကို ဇွန်လ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

နတ်တလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ