ပေါင် ဇွန် ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ် အ.ထ.က (ကော့ကရင်) ကျောင်း၌ မှုခင်းကျဆင်းရေးနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်မြင့်ထွန်း ဦးဆောင်သော ဒုရဲမှူး ကျော်စိုးသန်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး၊ ဒုတိယဥပဒေအရာရှိ ဒေါ်သီသီဟန်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မင်းဝါနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ (၁၅၀) ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပေါင်မြို့မစခန်းမှူး ဒုရဲမှူး ကျော်စိုးသန်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယဥပဒေအရာရှိ ဒေါ်သီသီဟန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေးဟောပြောခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို မေးမြန်းပြီး တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ (အ.ထ.က) ကော့ကရင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မင်းဝါက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနအလိုက် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)