နတ်တလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခမ်းအနားမှူးသင်တန်းဖွင့်လှစ်

နတ်တလင်း ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခမ်းအနားမှူးသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

ဦးစွာအခမ်းအနားတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သူဇာဝင်းက အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှုအကြောင်း၊ အသံအနေအထားအကြောင်း၊ မိုက်ကရိုဖုန်းနှင့် ပြောဆိုရမည့် နည်းလမ်းများအကြောင်း၊ အခမ်းအနားတစ်ခုတွင် အခမ်းအနားမှူးမှ ဆောင်ရွက်ရမည့် နည်းလမ်းများကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပြသပေးခဲ့သည်။

အဆိုပါသင်တန်းတွင် ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ဌာန‌ဆိုင်ရာများ စုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇွန်လ (၁၅) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၂) ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)