ပေါင်မြို့နယ်၌ စာရေးဆရာအသင်း အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားပြုလုပ်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စာရေးဆရာအသင်း အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂:၃၀) အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဝေ (မောင်စိမ်းညို) ပေါင်နှင့် စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြသည်။