ပုဇွန်တောင်မြို့နယ်၌ ရက်(၁၀၀)စီမံချက် အမြင်မတင့်တယ်သော ဆက်သွယ်ရေး Wi-Fi ကြိုးနှင့် လျှပ်စစ်မီးကြိုးများ စနစ်တကျရှိစေရေး ဆောင်ရွက်
စိုးရသစ် ရက်(၁၀၀)စီမံချက်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း အမြင်မတင့်တယ်သော ဆက်သွယ်ရေး WiFi ကြိုးများနှင့် လျှပ်စစ် မီးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက် ခဲ့ကြောင်း သိရသည်။