ပုဇွန်တောင်မြို့နယ်၌ ရက်(၁၀၀)စီမံချက် အမြင်မတင့်တယ်‌သော ဆက်သွယ်ရေး Wi-Fi ကြိုးနှင့် လျှပ်စစ်မီးကြိုးများ စနစ်တကျရှိစေရေး ဆောင်ရွက်

ပုဇွန်တောင် ဇွန်

အစိုးရသစ် ရက်(၁၀၀)စီမံချက်ကာလအတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးနှင့်အုပ်ချုပ်‌ရေး ကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း အမြင်မတင့်တယ်သော ဆက်သွယ်ရေး WiFi ကြိုးများနှင့် လျှပ်စစ် မီးကြိုးများ စနစ်တကျရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ၌ မြို့နယ်အတွင်းရှိ ဆက်သွယ်ရေးတိုင်များ၊ လျှပ်စစ်ဓာတ်တိုင်များပေါ်တွင် သွယ်တန်းထားသည့် လမ်းဘေးဝဲယာရှိ ဆက်သွယ်ရေး WiFi ကြိုးများနှင့်လျှပ်စစ်မီးကြိုးများ စနစ်တကျဖြစ်စေရေးအတွက် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် WiFi Company ဝန်ထမ်းများ ပူးပေါင်း၍ ဗိုလ်ချုပ်အောင်ဆန်းလမ်း (သိမ်ဖြူလမ်းနှင့် ‌ဗိုလ်တထောင်ဘုရားလမ်းကြား)တွင် ရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဆောင်ရွက်ရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးစည်သူကြည် မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးစိုးမြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးနှင့် အုပ်ချုပ်‌ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ် ချုပ်ရေးမှူး ဦးကြည်ဖေလင်းနှင့်တာဝန်ရှိသူများမှ အနီးကပ်ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်(ပြန်/ဆက်)