အမြို့မြို့အနယ်နယ်သတင်းများ

ဖြူးမြို့နယ် အ.ထ.က(၃)ကျောင်းတွင် လူငယ်စကားဝိုင်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ​​ကျောင်းသားအရွယ်မှ စတင်ကာ အသိပညာဗဟုသုတများရရှိစေပြီး အတွေးအခေါ်များရင့်သန်စေရေးအတွက် ရည်ရွယ်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီက ​ဖြူးမြို့အမှတ်(၃) အခြေခံပညာအထက်တန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်း၊ စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့် ဓာတ်မြေဩဇာများထောက်ပံ့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်ဦးစီးမှူးရုံးက ကျင်းပပြုလုပ်သော ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေမှ မျိုးစေ့ထုတ်စိုက်ခင်း၊စံပြစိုက်ခင်းများအတွက် မျိုးစေ့နှင့် ဓါတ်မြေဩဇာများထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ လမင်းစီမံချက်ဖြင့်‌ ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ‌ ပြုလုပ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ဦးစီးအရာရှိ ဦးဆန်းဦး ကြီးကြပ်မှုဖြင့် ကျောင်းသား/ ကျောင်းသူများအား နိုင်သားစိစစ်ရေးကတ်ပြားများအား ပြုလုပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အ.ထ.က(၃) ကျောင်းတွင် ပြုလုပ်ပေးသည်။

ဘုတ်ပြင်းမြို့၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန ၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် လူငယ်ရေးရာ အသိပညာ‌ပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မူလွန်-အောင်မင်္ဂလာကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတုံမြို့နယ်တွင် (၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသားများအား သွင်းအားစုများပေးအပ်

(၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျိုင်းတုံမြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မိုးစပါးစိုက်ပျိုးသည့် သမဝါယမအသင်းသား တောင်သူများအား သွင်းအားစုများ ပေးအပ်ပွဲကို ယနေ့က မိုင်းလန်းကျေးရွာအုပ်စုရှိ အသင်းသားများ၏ စိုက်ကွင်းတွင် ကျင်းပသည်။

အိမ်မဲမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထိန်ငူကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ၌ ၂၀၂၆-၂ဝ၂၇ ခု၊ ဘဏ္ဍာရေးနှစ်၊ ရက် ၁ဝဝ စီမံချက်ဖြင့် ဆောင်ရွက်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲကို အဆိုပါကျေးရွာဓမ္မာရုံ၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ်၌ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ ကမ္ဘာ့သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ၂၀၂၆ ခုနှစ်၊ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း)တွင် သစ်ပင်စိုက်ပျိုးကြသည်။

 (ကျောက်ဆည်) ၌ နည်းပညာတက္ကသိုလ် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၌ အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြော ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ် စုဝေးခန်းမတွင် မြန်မာကမ္မဏီလီမိတက်၊ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံနှင့် နည်းပညာတက္ကသိုလ်တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေကျင်မြို့နယ်၌ ကျောင်းအခြေပြု ပဏာမမျက်စိကျန်းမာရေး စစ်ပေးခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပငမခရိုင်၊ ရွှေကျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ရက် (၁၀၀) စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် ဇွန်လ ၁၇ ရက်နေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ ကျောင်းသူများ၏ မျက်စိကျန်းမာရေးစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် (၇၉) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေး

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သိမ်ဖြူအားကစားခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ