မိုင်းပျဉ်းမြို့ အ.ထ.က(ခွဲ)၏ ၂၀၂၆−၂၀၂၇ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပပြုလုပ်

မိုင်းပျဉ်း ဇွန် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ ၂၀၂၆−၂၀၂၇ပညာသင်နှစ် အခြေခံပညာအထက်တန်းကျောင်းခွဲ၏ မိုးရာသီကျောင်းကောင်စီ U-18(ကျား)နှင့်  U-13 (ကျား) ဘောလုံးအားကစားပြိုင်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉) နာရီက အဆိုပါ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အားကစားသမားများကွင်းအတွင်းသို့နေရာယူ၍ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် အားကစားသမားများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြု၍ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြသည်။ ဆက်လက်၍ အားကစားသများက သစ္စာအဓိဌာန်ရွတ်ဆိုကြသည်။ ထို့နောက် အ.ထ.က(ခွဲ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက ကျောင်းကောင်စီဘောလုံးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အားကစားတာဝန်ခံဆရာမှ အားကစားစည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အားကစားသမားများကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ၍ ပထမပွဲစဉ်အဖြစ် U-18(ကျား) အလောင်းဘုရားအသင်းနှင့် ဘုရင့်နောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.ကကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က ကွင်းအတွင်းသို့ ဘောလုံးကန်သွင်းဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ၂၀၂၆−၂၀၂၇ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီ ဘောလုံးအားကစားပြိုင်ပွဲတွင် ကျောင်းကောင်စီအသင်းအလိုက် U-18(ကျား)နှင့် U-13(ကျား)တို့မှ အသင်း(၅)သင်းစီဖြင့် (၁၈−၆−၂၀၂၆)ရက်နေ့မှ(၂၄−၆−၂၀၂၆)ရက်နေ့အထိ (၇)ရက်ကြာပတ်လည်ကစားယဉ်ပြိုင် ကျင်းပသွားဖြစ်ကြောင်း  သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)