သဲကုန်း ဇွန် ၁၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူက သဘာဝဘေးအန္တရာယ်များဖြစ်သော မီးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေးကျရောက်ပါက ကာကွယ်ရေးနည်းလမ်းများနှင့် ကြိုတင်ပြင်ဆင်နိုင်မှု အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် အကျယ်တဝင့်ဟောပြောခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သော အကြောင်းအရာများ၊ ကာကွယ်နိုင်သောနည်းလမ်းများ၊ ဂရုပြုလိုက်နာသင့်သည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များပါဝင်သော အသိပညာပေးနံရံစာစောင်အား ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)