မိုင်းစံမြို့ (အ-မ-ကမူလွန်ဝမ်လီ)၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

မိုင်းစံ ဇွန် ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက မိုင်းစံမြို့ အ-မ-ကမူလွန် (ဝမ်လီ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အိဇာချိုက မူးယစ်ဆေးဆိုဘာလဲ၊ မူးဆေးဝါးသုံးစွဲခြင်းဆိုးကျိုးများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့်ဥပဒေများ၊ မူးယစ်ဆေးဝါးမသုံးစွဲသင့်ကြောင်း၊ ကျောင်းသားလူငယ်များအနေဖြင့် အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတတ်စေရန်၊ ထူးချွန်ထက်မြက်သောလူငယ်၊လူရွယ်များဖြစ်လာစေရန် ရည်ရွယ်ချက်များကို ဟောပြောခဲ့သည်။

 ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲဆက်လက်ကျင်းပခဲ့ရာ ပြိုင်ပွဲတွင်ဆုရရှိသူ ပြိုင်ပွဲဝင်လူငယ်များအား မြို့ဦးစီးမှူး ဒေါ်အိဇာချိုက ဆုများပေးအပ်ချီမြှင့်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော မူးယစ်ဆေးဝါးနံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များကို ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အိဇာချို(မိုင်းစံ၊ပြန်/ဆက်)