မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး

မြိတ်    ဇွန်    ၁၈

တနင်္သာရီတိုင်း​ဒေသကြီး မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ဇွန်(၁၈)ရက် နံနက်ပိုင်းက နောက်လယ်​ရပ်ကွက်ရှိ အ.ထ.က(၅)​ကျောင်းတွင် ကျင်းပ​သည်။

ဟော​ပြောရာတွင် မြိတ်မြို့နယ်သစ်​တောဦးစီးဌာန ဦးစီးအရာရှိ ဦးဝေယံမြင့်ချိုက သစ်ပင်များ၏ အကျိုး​ကျေးဇူးများ၊ သစ်​တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အ​ကြောင်းအရာများကို ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်း​သူများအား အသိပညာ​ပေး ဟော​ပြောသည်။

ဆက်လက်၍‌ တောအုပ်ကြီး ဦးကျော်မြင့်ထွန်းက မိုးရာသီသစ်ပင်စိုက်ပျိုး‌ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ‌ကို ဟောပြောပို့ချပြီး တက်​ရောက်လာသူများအား သစ်ပင်စိုက်ပျိုး ပြုစုခြင်း လက် ကမ်း စာ‌စောင်များဖြန့်ဝေပေးပြီး ကျောင်းဝင်းအတွင်း ထိုင်ဝမ်ဗန်ဒါနှင့် မန်ဂျန်ရှားပျိုးပင်များအား သရုပ်ပြစိုက်ပျိုးပြသခဲ့​ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )