ကျွန်းစု ဇွန် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများကို ဇွန် ၁၇ ရက် နံနက်ပိုင်းက တောနောက်လယ်ကျေးရွာရှိ အထက(ခွဲ)ကျောင်းခန်းမ၌ ကွင်းဆင်းအသိပညာပေးဟောပြောသည်။
ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးခင်စိုးက မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးခြင်း၊ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြောင်းအရာများကို အသိပညာပေးဟောပြောသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး ကျောင်းဝင်းအတွင်း မန်ဂျန်ရှားပျိုးပင်များအား သရုပ်ပြစိုက်ပျိုး ပြသပေးခဲ့ကြောင်း သိရသည်။
ထက်မြင့် (ကျွန်းစု)