လိပ်သိုမြို့တွင် ကြက်ပေါင်သီးများပေါ်ချိန် လိုက်လံဆွတ်ခူးရောင်းချခြင်းဖြင့် အပိုဝင်ငွေရရှိ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်းတောင်တန်း ထူထပ်ပေါများသော တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ကျေးရွာအချို့ရှိ ဥယျာဉ်ခြံများတွင် သဘာ၀အလျောက် အလေ့ကျပေါက်ရောက် ရှင်သန်လျက်ရှိသော ကြက်ပေါင်သီးများကို ဒေသခံများက လိုက်လံဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။