ကော့ကရိတ်မြို့တွင် လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ် ကွင်းဆင်းဆောင်ရွက်
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကော့ကရိတ်မြို့တွင် ရက် ၁၀၀ လမင်းစီမံချက်ဖြင့် အခြေခံပညာ ကျောင်းများရှိ အသက်(၁၀)နှစ် ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UIDကတ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဇွန် ၁၆ ရက်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်း(ချောင်းတောင်)၌ ကွင်းဆင်းဆောင်ရွက်ပေးသည်။