စစ်ကိုင်း၌ မိသားစုဝင်ငွေတိုးစီမံကိန်းမှ ကြိမ်အခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ဒေသတစ်ခုထုတ်ကုန်တစ်ခုဆောင်ရွက်မည့် အစီအစဉ်ဖြင့် ကြိမ်အခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့နံနက်ပိုင်းကရွာထောင်ရပ်ကွက်ရှိ ရွာထောင်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။