အမြို့မြို့အနယ်နယ်သတင်းများ

ကျောက်ဆည်မြို့၌ အခြေခံတိုင်းရင်းဆေးပညာသင်တန်း ဆက်လက်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူလူတို့အနေဖြင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အခြေခံအသိပညာများရရှိစေရန်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာများတိုးပွားလာစေရန်၊ မိမိတို့၏ပတ်ဝန်းကျင်ရှိ အပင်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဘက်ဝင်ပုံများကို သိရှိနားလည်စေရန်နှင့် မိသားစုကျန်းမာရေးကို ကာကွယ်စောင့်ရှောက် နိုင်စေရန်း ရည်ရွယ်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာများ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်

ကရင်ပြည်နယ်အတွင်း အာဟာရကြွယ်ဝသည့် ငါးသယံဇာတပေါများ၍ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်အတွင်း နှစ်လက်မအောက်ခံအရွယ် ငါးသားပေါက်ကောင်ရေ ရှစ်သိန်းသုံးသောင်းကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ရာ ဇွန်လ ၁၈ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ တရုတ်လှမြစ်ရေတင်စီမံကိန်းနေရာ၌ သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

ကော့ကရိတ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အစိုးရ၏ရက် ၁၀၀ လမင်းစီးမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အခြေခံပညာကျောင်းများ၌ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(ခွဲ)ဝင်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရှိရသည်။

ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မန္တ‌လေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကော့သောင်းမြို့၌ ရေကြောင်းရဲတပ်ဖွဲ့စု(ကော့သောင်း)မှ ဒေသခရီးသွားဧည့်လမ်းညွှန် သင်တန်းတွင် “ပင်လယ်ပြင်အသက်ရှင်နေထိုင်နည်း” သင်ခန်းစာလက်တွေ့သင်ကြားပို့ချ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သောဒေသဆိုင်ရာဧည့်လမ်းညွှန် (အ‌ခြေခံ)သင်တန်းကို ကော့သောင်းမြို့၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင် မေလ(၂၅)ရက်နေ့မှ ဇွန်လ(၂၆)ရက်နေ့ထိ (၁)လတာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာယနေ့နံနက်ပိုင်းတွင် ရေကြောင်းရဲတပ်ဖွဲ့စု(ကော့သောင်း)မှ တပ်ဖွဲ့စုမှူးရဲမှူး ရဲမင်းထက်နှင့် တပ်ဖွဲ့ဝင်များသည်  “Sar & Survival at Sea ” (ပင်လယ်ပြင် အသက်ရှင်နေထိုင်နည်း) သင်ခန်းစာအား လက်တွေ့သရုပ်ပြ သင်ကြားပို့ချပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာ၌ ကျေးလက်ဒေသဖွုံဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကျင်းပသည့် ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက တံတားဦးမြို့နယ် ဘလဲ့ဘကျေးရွာ ဓမ္မပါလဓမ္မာရုံ၌ ကျင်းပကြောင်း သိရသည်။

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကျင်းပ

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(ပထမနေ့)ကို ယနေ့နံနက် ၁၀ နာရီက  ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ စိုက်ပျိုးရေးဆေးဆိုင်များ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးဆေးဆိုင်များ၌ စိုက်ပျိုးရေးသုံးဆေးဝါးများကို သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်စေရန် ရည်ရွယ်၍ သိုလှောင်ထားရှိခြင်းရှိ/မရှိတို့အား ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

‎မဟာအောင်မြေမြို့နယ်၌ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာအသိပညာ‌ပေး ဟောပြောပွဲကျင်းပ

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။

ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကျေးရွာရှိ ကျောက်တန်း(၁)၊(၂)ရေလှောင်တမံ တည်ဆောက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားတာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းကျေးရွာရှိ ကျောက်တန်း(၁)၊ ကျောက်တန်း(၂) ရေလှောင်တမံတည်ဆောက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ