ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တာချီလိတ်မြို့အား ကွင်းဆင်းစစ်ဆေး
တာချီလိတ်မြို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့(Mae Sai)နှင့် နယ်စပ်မြို့ဖြစ်သည်နှင့်အညီ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးအပြင် ခရီးသွားလာရေး တိုးတက်နေသည့်မြို့ဖြစ်၍ ယခုအခါ ၂၀၂၆ ခုနှစ်၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သောမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် ဆုစိစစ်ရွေးချယ်ရေးလုပ်ငန်းအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။