နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အဓိကလမ်းမကြီးများနှင့် ဝဲ/ယာများတွင် လမ်းနယ်အတွင်း ကျူးကျော်မှုများ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အဓိကလမ်းမကြီးများနှင့် ဝဲ/ယာများတွင် လမ်းနယ်အတွင်း ကျူးကျော်မှုများ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်ကြသည်။