အမြို့မြို့အနယ်နယ်သတင်းများ

မိတ္ထီလာမြို့အထက(၂)၌ လူငယ်စကားဝိုင်းကျင်းပ

မန္တလေးတိုင်းဒေသကြီး         မိတ္ထီလာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉နာရီခွဲက ကျင်းပသည်။

မြစ်သားမြို့နယ်တွင် ဒေသခံပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် ၈၆၄၀/- ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဒေသခံပြည်သူများအား စားအုန်းဆီတစ် ပိဿာလျှင် ၈၆၄၀/-ကျပ်နှုန်းဖြင့်‌ ဈေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းကို ရှမ်းပွဲရပ်ကွက်အတွင်းရှိ ဒေါ်ဇာဇာကုန်စုံဆိုင်‌ရှေ့တွင် ယမန်နေ့ မွန်းလွဲပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခဲ့ကြသည်။

ကျိုက်လတ်မြို့နယ်၌ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာ‌ရေး ကော်မတီအဖွဲ့ဝင်များ ပူပေါင်း၍ ခွေးရူးပြန်ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၃၂)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်းဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၃၂)အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/သူလေးများအား ယနေ့ နံနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။

ဟုမ္မလင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာဖတ်ရှိန်မြှင့်တင်ရေးနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းပြိုင်ပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဟုမ္မလင်းမြို့နယ်၊ ဟင်နောင်အုပ်စု၊ အထက(ခွဲ)ဟင်နောင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (အကြို) အသိပညာပေးဆွေးနွေးပွဲ မြိတ်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့(အကြို) အသိပညာပေးဆွေးနွေးပွဲကို ဇွန်(၁၉)ရက် နံနက်ပိုင်းက မြိတ် ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပန်းတနော်မြို့နယ်၊ ချောင်းကလေးတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးကုသမှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာကျော်စွာလွင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများနှင့် သူနာပြုဆရာမကြီးများ စုစုပေါင်း (၆၃) ဦး ပါဝင်သည့်အဖွဲ့သည် ပန်းတနော်မြို့နယ်၊ ချောင်းကလေးတိုက်နယ်အတွင်းရှိ ဒေသခံပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက် ကုသမှုများဆောင်ရွက်ပေးခြင်းကို ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းက ချောင်းကလေးတိုက်နယ်ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့သည်။

မော်လမြိုင်မြို့နယ်တွင် ရပ်ရွာအ‌ခြေပြု အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အိမ်တွင်းမှုနှင့် သက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ ပူပေါင်းဖွင့်လှစ်သည့် ရပ်ရွာအ‌ခြေပြု မိန်းမဝတ်အခြေခံ စက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ