မရမ်းကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်ဖြန့်ဝေ

မရမ်းကုန်း ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့၊ မူးယစ်ဆေးဝါးဆိုသည်မှာ၊ မီးရှို့ဖျက်ဆီးမှုမှတ်တမ်း၊ မူးယစ်ဆေးဝါးအုပ်စု (၅) မျိုးအကြောင်း၊ ရုပ်ပြကာတွန်း၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါးအန္တရာယ် ကဗျာ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ စသည့်သိကောင်းစရာ အကြောင်းအရာများ ထည့်သွင်းထုတ်ဝေထားကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူထုအခြေပြုအသိပညာပေးလုပ်ငန်းများ အရှိန်အဟုတ်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေယံ(မရမ်းကုန်း)