အမြို့မြို့အနယ်နယ်သတင်းများ

မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး

တနင်္သာရီတိုင်း​ဒေသကြီး မြိတ်မြို့နယ်သစ်​တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုး​ရေး၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်း​ရေးဆိုင်ရာ အသိပညာ​ပေး​ဟော​ပြောပွဲကို ဇွန်(၁၈)ရက် နံနက်ပိုင်းက နောက်လယ်​ရပ်ကွက်ရှိ အ.ထ.က(၅)​ကျောင်းတွင် ကျင်းပ​သည်။

ထားဝယ်မြို့၌ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့မှ  ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်နှင့် ပြင်ပလူနာဌာနအပေါ်ထပ်၊ အမျိုးသား သွေးလှူဘဏ်၌ ကျင်းပသည်။

ကျွန်းစုမြို့နယ်၌ မိုးရာသီ သစ်ပင်စိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ   အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနက မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာများကို ဇွန် ၁၇ ရက် နံနက်ပိုင်းက တောနောက်လယ်ကျေးရွာရှိ အထက(ခွဲ)ကျောင်း ခန်းမ၌ ကွင်းဆင်းအသိပညာပေးဟောပြောသည်။

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကျင်းပ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံးအဆောက်အဦ အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်ဒုတိယသမ္မတ(၂)ရာထူးတာဝန်ကိုထမ်းဆောင်နေသော ကရင်ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)ဒေါ်နန်းနီနီအေး ဘားအံလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)အစား ဦးအောင်မြင့်သိန်း ဘားအံလွှတ် တော်ကိုယ်စားလှယ်အမှတ်(၂)အား အစားထိုးတာဝန်ပေးအပ်၍ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်၌ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။

ကျွန်းစုမြို့နယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊နည်းဥပဒေများအသိပညာပေး သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာ၌ တာဝန်ယူဆောင်ရွက်မည့် ကြီးကြပ်ရေးအဖွဲ့များအား ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ အသိပညာပေးသင်တန်းကို ဇွန် ၁၈ ရက် နံနက် ၁၀ နာရီက မြို့နယ်ကျွန်းရတနာခန်းမ၌ ဖွင့်လှစ်သည်။

ဝမ်းတွင်းမြို့နယ်၌ လျှပ်စစ်အန္တရာယ်ကင်းစေရေးနှင့် တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုပပျောက်စေရေး အသိပညာပေး 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီး၊ ဝမ်းတွင်းမြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်အတွင်းရှိ ဓာတ်အားသုံးစွဲသူအများပြည်သူများ လျှပ်စစ်ဓာတ်အားကို အန္တရာယ်ကင်းစွာဖြင့် စနစ်တကျသုံးစွဲတတ်စေရေး၊ ဓာတ်အားလိုင်း လိုင်းအပြစ်ဖြစ်ပေါ်မှုလျော့နည်းစေရေး၊ တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုပပျောက်စေရေးအတွက် အသိပညာပေးဆွေးနွေးဟောပြောပွဲကို ဇွန် ၁၈ ရက်က မြေတိုင်ကန်ကျေးရွာအုပ်စု၊ မြေတိုင်ကန်ကျေးရွာရှိ ဒက္ခိဏာရာမဘုန်းတော်ကြီးကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ‌နှင့် UID ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ကျောက်ဆည်မြို့၌ အခြေခံတိုင်းရင်းဆေးပညာသင်တန်း ဆက်လက်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူလူတို့အနေဖြင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အခြေခံအသိပညာများရရှိစေရန်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာများတိုးပွားလာစေရန်၊ မိမိတို့၏ပတ်ဝန်းကျင်ရှိ အပင်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဘက်ဝင်ပုံများကို သိရှိနားလည်စေရန်နှင့် မိသားစုကျန်းမာရေးကို ကာကွယ်စောင့်ရှောက် နိုင်စေရန်း ရည်ရွယ်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာများ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်

ကရင်ပြည်နယ်အတွင်း အာဟာရကြွယ်ဝသည့် ငါးသယံဇာတပေါများ၍ စားနပ်ရိက္ခာဖူလုံပိုလျှံစေရေးအတွက် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်အတွင်း နှစ်လက်မအောက်ခံအရွယ် ငါးသားပေါက်ကောင်ရေ ရှစ်သိန်းသုံးသောင်းကျော်ကို သဘာဝရေပြင်မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်ရာ ဇွန်လ ၁၈ ရက်နေ့ နံနက် ၈ နာရီက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ တရုတ်လှမြစ်ရေတင်စီမံကိန်းနေရာ၌ သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

ကော့ကရိတ်မြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် အစိုးရ၏ရက် ၁၀၀ လမင်းစီးမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အခြေခံပညာကျောင်းများ၌ အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အ.ထ.က(ခွဲ)ဝင်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရှိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ