ကြံခင်းမြို့နယ် (အ.မ.က) မြို့မမြောက်ကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က) မြို့မမြောက်ကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အောက်တိုဘာ ၂၃ ရက်နေ့၊ နေ့လယ်ပိုင်းက အဆိုပါကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့သည်။