ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အမှတ် (၆) ရပ်ကွက်နှင့် အမှတ် (၇) ရပ်ကွက်သို့ကွင်းဆင်းဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင် မြို့နယ်အမှတ် (၆) ရပ်ကွက် လောကအလင်းစာကြည့်တိုက်နှင့် အမှတ် (၇) ရပ်ကွက် စာပန်းအိမ်စာကြည့်တိုက်သို့ ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်လှမောင် ရန်ကုန်တိုင်းဒေသကကြီး၊ မြို့နယ်စာကြည့်တိုက်ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဝေလင်းနှင့်အဖွဲ့ဝင်များသည် ရပ်ကွက်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စာပေဝါသနာရှင်များဖြင့် တွေ့ဆုံခဲ့သည်။