ဇလွန်မြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီလူထုဖြန့် သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၁၅၀၀၀) ပျိုးထောင် ထားရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် သစ်တောဦးစီး ဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးတို့ အတွက် မိုးရာသီ လူထုဖြန့် သစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ( ၁၅၀၀၀ ) ကျော် ပျိုးထောင်ထားရှိကြောင်း မြို့နယ် သစ်တောဦးစီးဌာန ဘိနယ်တာဝန်ခံတောအုပ်ဦးမြင့်သူ၏ ပြောကြားချက် အရသိရသည်။