အိမ်မဲ နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် လယ်ပေါ်ရပ်ကွက် အ-မ-က (လယ်ပေါ်) ကျောင်း တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့ မှ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာပေဖတ်ရှုခြင်းအကျိုးကျေးဇူး၊မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းတို့ကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းက စားသုံးသူများ၏အခွင့်အရေးများအကြောင်း တို့ကိုလည်းကောင်း ၊မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဦးစီးမှူး ဒေါ်ဖြိုးသန္တာအောင်က ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း၊ ဝဲရောဂါအကြောင်းတို့ကို လည်းကောင်းအသီးသီးအကျယ်တဝင့် ပြောကြားခဲ့ သည်။
ဆက်လက်၍စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်များနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးလက်ကမ်းစာစောင် များ ဖြန့်ဝေခြင်းတို့ကိုဆောင်ရွက် ပေးခဲ့သည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ အဆိုပါကျောင်းမှ ကျောင်းသား/သူများ ဆရာဆရာများအား တိုင်းရင်းဆေး ဖြင့်ဆေးကုသပေးခြင်း၊ သောက်ဆေး၊လိမ်းဆေးပေးခြင်းတို့ကိုဆောင်ရွက်ခဲ့ သည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)