မိုင်းဖြတ်မြို့နယ်၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းဖြတ် နိုဝင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ သင်တန်းဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၉ ရက်၊ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာဝန်ခံ ဦးမျိုးမောင်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်းယောင်းမြို့နယ်မှ စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိုင်းဖြတ်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာချီလိတ်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့်  ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာဝန်ခံ ဦးမျိုးမောင်တို့က ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီးဆောင်ရွက်မည့် အခြေအနေများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ သိရှိလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များ၊ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ရပ်ကွက်/ ‌ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၏ ဆောင်ရွက်ရမည့်တာဝန်နှင့် လုပ်ပိုင်ခွင့်အခြေအနေ၊ မဲစာရင်းစစ်ဆေးသူနှင့် ထိန်းချုပ်စက်ကိုင်တွယ်သူများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာလုပ်ငန်းများနှင့် လုပ်ငန်းစဉ်အကျဉ်းချုပ်များ၊ (MEVM)စက်များ သယ်ဆောင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုရမည့်အခြေအနေများ၊ မဲရုံအတွင်းအသုံးပြုရမည့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါပုံစံများ ကျွမ်းကျင်နားလည်သိရှိသွားရမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲအား အောင်မြင်စွာ ဆောင်ရွက်ရမည့် အခြေအနေများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များသည် သင်တန်းပို့ချမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို  လမ်းညွှန်မှာကြားခဲ့သည်။ အဆိုပါသင်တန်းကို နိုဝင်ဘာလ ၁၉ ရက်နေ့မှ ၂၁ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ (၁၂၄) ဦး တက်‌ရောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)